Tuesday 18 October 2011
လင်ကွန်း ပြောတဲ့  မိဘကျေးဇူး...
လူတိုင်းလူတိုင်းမိဘရဲ့ ရင်ခွင်ထဲကနေကြီးပျင်းခဲ့ ကြသူတွေကြည့် ပါပဲ။အတောင်တွေစုံလို့ ကိုယ်နှစ်သက်ရာနေရာဒေသကိုပျံသန်းကြတဲ့ အခါ
အမိရင် ခွင်ကိုတမ်းတနေကြမိမှာအမှန်ပါပဲ။ဒါပေမဲ့ မိဘတွေအပေါ်မှာကို ဘက်ကကောဘာတွေတာဝန်ကြေပြီလဲဆိုတာကိုတော့မေ့ချင်မေ့နေကြပါလိမ့်မယ်ဗျာ။ဒါကအရေးကြီးပါတယ် ကိုယ်ဘက်ကပေးဆက်စရာတွေရှိနေသေးတယ်ဆိုရင် ကိုယ့်ဘက်ကတက်နိုင်သလောက် ပေးဆက်ကြပါ။ကြိုးစားပြီးတော့ ဆက်ကြစေချင်တယ်ဗျာ။ဘာ့ကြောင့် လဲဆိုတော့ မိဘဆိုတာကျေးဇူးအရှိဆုံးပဲလေ ကျနော်တို့ ခင်များတို့ ဒီလိုမျိုးအချိန်ထိရှင်သန်နေခွင့်ရတာမိဘကြောင့် ပါ။ ဒီစကားနဲ့ ပတ်သက်လို့  လင်ကွန်းကပြောဖူးတဲ့ စကားလေးကို သတိရလိုက်ပါတယ်။လင်ကွန်းကပြောဖူးတယ် ဒီနေ့ သူအလုပ်လုပ်နေသမျှ မနက်ဖြန်ခါအလုပ်လုပ်နိုင်ဖို့ မျှော်မှန်းနေသမျှအရာအားလုံးသည် မိဘရဲ့ ကျေးဇူးတွေကြောင့် လို့ ပြောခဲ့ ဖူးတယ်ဗျာ။ခင်များတို့ ကျနော်တို့ တွေဒီနေ့ ဒီလိုလုပ်နိုင်ကိုင်နိုင်နေတာတွေဟာ မိဘရဲ့ ကျေးဇူးတွေ့ ပါလို့ ပြောချင်ပါတယ်ဗျာ။
Saturday 1 October 2011
အမေ ထားခဲ့တဲ့ အဖေ့ ရဲ့ ဘဝ
အမေရယ်...ဘယ်လိုဘဝမျိုးဘဝတွေနဲ့ များကျင်လည်နေရသလဲဗျာ...အမေကလောကကြီးထဲကထက်သွားခဲ့ ပေမဲ့ အဖေရဲ့အထီးကျန်ဆံလွန်းတဲ့ ဘဝကို အမေထားခဲ့ ရက်တယ်နော်...အဖေတစ်ယောက်အမေမရှိတော့ အမေရဲ့ မိဘတွေဆီမှာမျက်နှာငယ်လေးနဲ့ သိမ်ငည်နေရရှာနေမှာ အမေမတွေးမိဘူးလားအမေရယ်။အဖေဟာ အမေရှိရင်သူ့ ရဲ့ဘဝပြည့် စုံနေပြီလို့ ထင်ခဲ့ရတာပါ။အခုတော့အမေထားခဲ့ တဲ့ အဖေရဲ့ ဘဝ အထီးကျန်ကြီးတစ်ယောက်အသွင်နဲ့ လောကဓံကိုကျော်ဖြတ်နေရရှာတယ်အမေရယ်...အမေနဲ့အတူဖြတ်သန်းခဲ့ တဲ့တောတောင်တွေကိုရောက်ရင်အမေကိုတမ်းတလွမ်းလျှနေရှာမဲ့ အဖေရဲ့ အဖြစ်ဘယ်သူမှမသိရင်တောင် အဖေကတော့ ရင်ထဲမှာကြိတ်ဆွေးနေရှာမယ်အမေရယ်။အမေကတော့ နားအေးပါးအေးလောကကြီးထဲကထွက်သွားပေမဲ့အဖေ့မှာတော့ ပူဆွေးမှုတွေနဲ့ အမေကိုလွမ်းရင်းကျေကွဲနေရရှာတယ်အမေရယ်...
Sunday 25 September 2011
အထီးကျန်လွန်းတဲ့ အဖေ့ရဲ့ ဘဝ...
အဖေနဲ့အမေ ဘယ်လိုတွေတွေ့ ခဲ့ ကြတယ်တော့ဆိုတာတော့ ကျနော်မသိတော့ပါဘူး...အဖေဟာဆင်းရဲ တဲ့ မိသားစုကဆိုတော့ အမေတို့ ပြောသမျှတွေခေါင်းညိမ့်ပြီနေလျှာခဲ့ တဲ့ သူပါ။အဖေဟာအရမ်းလဲရိုးပါတယ်...အဖေရဲ့ ဘဝကိုကျနော်အရမ်းသနားတယ်ဗျာ။အမေရဲ့  တင်းမာတဲ့ စကားတွေကိုလဲအဖေဟာ နားထဲမှာမခါးပဲချိုနေသလိုနေ့ ခဲ့ တာပါ။အဖေနဲ့ အမေဟာ သားနဲ့ သမီးငါးယောက်မွေးခဲ့ ပါတယ်။ကျနော်ကတော့အကြီးဆုံးပေါဗျာ...ကျနော့်ရဲ့  အောက်မှာ ညီမလေးတစ်ယောက်နဲ့ ညီလေး လေးယောက်ရှိခဲ့ ပါတယ်။ကျနော်တို့ ကို အဖေနဲ့ အမေဟာထိန်ပန်းဆိုတဲ့ ကျေးရွာလေးမှာ တောင်သူလုပ်ကိုင်ပြီးကျွေးမွေးပြုစုခဲ့ တာပါ။နေပူစပ်ခါးမှာအဖေဟာဆင်းဆင်းရဲ ရဲ နဲ့ လုပ်ကိုင်ကျွေးမွေးခဲ့ တာပါ။ဒါပေမဲ့ လဲအဖေဟာအမေနဲ့ သားသမီးတွေကိုကြည့် ပြီး ပင်ပန်းတယ်လို့ တွေးထင်မထားခဲ့  တာပါ။တောတောင်ထဲကနေပင်ပန်းဆင်းရဲပြီးပြန်လာတဲ့ အခါသားတွေသမီးတွေမျက်နှာကြည့် ပြီး ပင်းပန်းသမျှအလိုလိုလွင့် ပျောက်ခဲ့ ရတာပါ။အဖေဟာ ဘယ်လောက်ထိမိန်းမအပေါ်ကော သားသမီးတွေအပေါ်ကော ကောင်းခဲ့ သလဲဆိုရင် မနက်မိုးမလင်းခင်ကထပြီး ထမင်းတွေချက်သားတွေသမီးတွေစားဖို့ အဆင်သင့် ဖြစ်ပြီးသားပါ။ကျနော်တို့ အမေတို့ အိပ်ယာကထလိုက်တာနဲ့  မျက်နှာသစ်ပြီးအရန်သင့် ထည့် စားယုံပါပဲဗျာ။အဖေလည်းပဲ စားသောက်ပြီးတာနဲ့ တော့ကိုနွားလှည်းနဲ့ ထွက်တော့တာပဲ။သားတွေသမီးတွေအပေါ်မှာထားရှိတဲ့ အဖေ့ရဲ့ မေတ္တာနှိုင်းဆလို့ တောင်မရနိုင်အောင်ပါပဲဗျာ။အဖေဟာအရမ်းကိုရိုးတဲ့ လူရိုးကြီးတစ်ယောက်ပါ။အမေဒါဆိုဒါပါပဲဘာမှကိုပြန်မပြောတက်တာပါ။အဖေဟာဘယ်လောက်ပဲပင်းပန်းဘယ်လောက်ပဲဆင်းရဲနေပါစေ အမေရှိနေရင်သူ့ ဘဝမှာအားလုံးပြည့် စုံနေပြီလို့ ထင်နေခဲ့ သလားမပြောတက်ဘူးဗျာ။အခုတော့လဲအဖေရဲ့ အထီးကျန်ဆန်လွန်းလှပါတယ်။အမေဟာ ကျန်မာရေးတွေချိုးတည့် ပြီးလောကကြီးထဲကနေထွက်ခွာသွားတဲ့ အချိန်မှာ အဖေဘယ်လိုခံစားနေရမလဲဆိုတာကျနော်ကတွေးမြင်ကြည့် မယ်ဆိုရင် အရမ်းကျေကွဲးစရာပါ။အမေဆုံးပါးသွားလို့ အမေ့ရဲ့  မိဘတွေအိမ်မှာကျန်ရစ်ခဲ့ ရတဲ့ အဖေ့ဘဝ အရမ်းသနားဖို့ လဲကောင်းပါတယ်။ဒါပေမဲ့ လဲအဖေနဲ့ အမေသားတွေသမီးတွေ ငါးယောက်ရအောင်နေခဲ့တဲ့ အိမ်မှာအဖေဟာ အမေမရှိတော့ပေမဲ့ သားတွေသမီးတွေနဲ့ နေထိုင်နေရချိန်မှာအဖေရဲ့  ရင်ထဲမှာ အမေရှိနေသလိုမျိုးစိတ်ထဲမှာကျေနပ်နေလျှာမှာပဲ။အမေရဲ့ ပုံရိပ်တွေလဲမြင်ယောင်နေလျှာမှာ။အမေဟာ အဖေ့ကို မေ့ပင်ကြီးအောက်ရောက်နေလို့ မေ့နေပြီထင်ပေမဲ့ အဖေကတော့တမ်းတလွမ်းလျှနေလျှာမှာပဲ။သေချင်းတရားကိုမလွန်ဆန်နိုင်လို့ သာလက်လျှောနေခဲ့ ရပေမဲ့ အဖေဟာနည်းနည်းလေးမှသူ့ ရဲ့ အမေပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာတွေပြယ်ပျောက်မသွားနိုင်ဘူးဆိုတာကျနော်သိတယ်။ဒါပေမဲ့ လို့ လဲအဖေဟာအမေ့ကိုတမ်းတလွမ်းလျှနေယုံကလွဲလို့ ဘာမှမတက်နိုင်တော့ပါဘူး။အဖေဟာအမေနဲ့ အတူတောတောင်ထဲသွားခဲ့ တဲ့ နေရာတွေရောက်ရင်အမေ့ကိုစိတ်ထဲကနေတော့လွမ်းနေရှာမှာပဲ။ယောက်ျားတန်ကြီးမျက်ရည်တွေတောင်ကျနေမိမှာပဲ။အခုချိန်မှာအဖေ့ ရဲ့ ဘဝ သနားစရာ အထီးကျန်ကြီးပါလား။သားတွေသမီးတွေအနားမှာမိခင်လိုတမျိုးဖခင်လို တဖုံ အသွင်နှစ်မျိုးနဲ့ ရပ်တည်ပေးနေတဲ့ အဖေ့ ရဲ့ ဘဝ အော်ဘယ်သူမှနားမလည်နိုင်ကြပါလား။ဒါပေမဲ့ လည်းအဖေကျေနပ်နေတယ်သားတွေသမီးတွေကြည့်ပြီးအားအင်တွေဖြစ်နေခဲ့ တယ်။အဖေရဲ့ ဘဝကြမ်းတမ်းလွန်းတော့အခုချိန်ရုပ်တွေကျနေလျှာပြီထင်ပါရဲ့ ။ဒါပေမဲ့ လည်းကျနော်အဖေနားကိုပြန်မလာနိုင်သေးပါဘူးအဖေရယ်။ဘဝဆိုတဲ့ ပင်လယ်ပြင်ကြီးထဲမှာသားလက်ပစ်ကူးရင်းအဖေ့ကိုတော့လွမ်းနေပါတယ်။အဖေ့ ရဲ့ အထီးကျန်ဆန်လွန်းလှတဲ့ ဘဝကိုသားအရမ်းသနားမိတယ်အဖေ...
Friday 23 September 2011
အမေကောင်းရာသုဂတိလားပါစေ...
ကျနော်မလေးရှားကိုနောက်တစ်ခေါက်ပြန်ရောက်ပြီး အတော်လေးအကြာမှာ အမေဟာ ကျနော်တို့ မိသားစုကိုကျောခိုင်းသွားခဲ့ ပါတယ်ဗျာ...ဘယ်တော့မှပြန်မလာတော့တဲ့ကျောခိုင်းခြင်းမျိုးနဲ့ ဒီလောကကြီးထဲကနေထွက်သွားတော့တာပါ...
လူတစ်ယောက်မှာ ဘာအရေုးကီးဆုံးလဲ...
 လူတစ်ယောက်ဟာ ငွေကြေးပြည့် စုံတဲ့သူပဲဖြစ်ဖြစ်...ဆင်းရဲနွမ်းပါတဲ့ သူပဲဖြစ်ဖြစ်...အတော်အသင့် လူတန်းစားပဲဖြစ်ဖြစ်ပါ...ပြည့်စုံတဲ့ လူကလဲပြည့်စုံတဲ့ အထိုက်အလျှောက် ကောင်းကောင်းစားနိုင်သောက်နိုင်တယ်...ဝတ်နိုင်တယ်...ဇိမ်ခံပစ္စည်းတွေသုံးနိုင်တယ်ပဲထားပါ...ဒါကတော့သူ့ ရဲ့ အတိတ်ဘဝကကုသိုလ်ကံပဲဆိုပါတော့...
ဒါပေမဲ့ ဗျာအဲ့ဒီလူမှာမွန်မြတ်တဲ့ စိတ်ထား ပျူငါတယ့် စေတနာတွေမရှိဘူဆိုကြပါဆို့ ဗျာ...စိတ်ကောင်းစေတနာကောင်းတွေမရှိဘူးဆိုရင်တော့ အလက္ကား လူဖြစ်သွားနိုင်ပါတယ်...နောက်တစ်ယောက်ကတော့ ဆင်းရဲ နွမ်းပါးတဲ့ လူဆိုပါတော့ သူကတော့ မပြည့် စုံဘူးထားပါ ဒါပေမဲ့ သူမှာမွန်မြတ်တဲ့ စိတ်စေတနာတွေရှိနေရင် အဲ့ ဒီလူဟာ...စိတ်ကောင်းစေတနာကောင်းရှိတဲ့ လူလို့ ဆိုရပါမယ်...နောက်ပြီး အသင့်အတင့် အနေထားကလူကတော့ စိတ်ကောင်းလေးတွေအမြဲတမ်းတော့မရှိဘူးပေါ့...ဒါပေမဲ့ အသင့်အတင့် စိတ်ဓာတ်လေးတွေရှိနေတဲ့ အတွက် အလည် အလက်လူတန်းစားမျိုးပေါ့ဗျာ...ကျနော်ဆိုလိုတာကတော့ဗျာ လူတွေဟာ ဘယ်လိုဘဝတွေမှာပဲ ကျင်လည်ကျင်လည် နေကျရပါစေ...စိတ်ကောင်းစေတနာကောင်းတွေရှိနေသင့်ပါတယ်လို့ ကျနော်မြင်တယ်...ကိုဟာ ဘယ်လိုဘဝမျိုးတွေမှာပဲရောက်နေရောက်နေ ပါစေ...စိတ်ကောင်းလေးရှိနေပြီဆိုရင်တော်တော် လေးလေး ကောင်းပါတယ်...ဒီတော့ကိုယ့်မှာ စိတ်ကောင်းစေတနာကောင်းတွေမရှိသေးဘူးဆိုရင်လဲ မွေးမြူကြပါ လို့ ပြောချင်ပါတယ်ဗျာ...လူတွေဟာ ဘယ်လို ဒုက္ခမျိုးတွေကပဲလွက်ချင်လွက်ချင် စိတ်ဓာတ်ကောင်းလေရှိနေပြီဆိုရင်တော့ ဒုက္ခတွေကလွှတ်မြောက်တော့မှာပါလို့ သဘောထားလိုက်ပါတော့ဗျာ...ဒါကြောင့် လူတစ်ယောက်မှာ စိတ်ကောင်းစေတနာကောင်းဆိုတာအရေးလဲကြီးပါတယ်...အားလုံးအတွက်လဲ ကောင်းကျိုးတွေဖြစ်လာနိုင်ပါတယ်လို့ ကျနော်ပြောလိုက်ပါရစေဗျာ...
ဒုက္ခဆိုတာ နေတက်ရင်ကျေနပ်စရာပါ...
လူတွေဟာ ဒုက္ခဆိုတာကြီးနဲ့ တွေ့ ကြရပါတယ်...အမြဲတမ်းလိုလိုမဟုတ်တောင်မှ တစ်ခါတစ်ခါတော့တွေ့ ရပါတယ်ဗျာ...ဒုက္ခဆိုတာကြီးနဲ့ လူတွေရင်ဆိုင်ကြရပြီဆိုရင် လူတွေတော်တော်များများဟာ စိတ်ဓာတ်တွေကျကြတယ်...ဘာကိုမှဆက်မလုပ်ချင်တော့လောက်အောင်ကိုဖြစ်တက်ကြပါတယ်...လောကကြီးကတော့ဗျာ ညီမျှပါတယ်...ဒုက္ခဆိုတာရှိနေသလို သုခဆိုတာလဲရှိနေတာပါ...လူတွေဟာ သုခကိုတော့တောင့် တကြတယ် ဒုက္ခကိုတော့မလိုလား မနှစ်သတ်ကြပါဘူး...ဘာပဲဖြစ်ဖြစ်ပါ တွေ့ ကြုံလာသမျှအရာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ရပါမယ် စိတ်ဓာတ်တွေကျနေမဲ့ အစား ဘယ်ဖြေရှင်းမလဲဆိုတာ အဓိကကျပါတယ်ဗျာ...ဒီတော့ဗျာ လောကမှာနေတက်လို့ ကတော့ကျေနပ်စရာတွေကြည့် ရှိနေသလိုတောင်ထင်မိပါတယ်...ကျေနပ်နေတက်ကြပါစေလို့ ကျနော်ဆန္ဒပြုလိုက်ပါတယ်ဗျာ...
Wednesday 21 September 2011
မရှိတာထက် မသိတာခက်တဲ့ မသိတာထက် ခက်တာ မလုပ်တာတဲ့ ...
ကျနော်ဖတ်ဖူးတဲ့ စာလေးကို ဖောက်သည်ပြန်ချလိုက်ပါရစေဗျာ...အရမ်းမှတ်လားလောက်ပါတယ်...ကျနော်လဲအရမ်း သဘောကျသွားတယ်ဗျာ...ရေးသူကတော့ ကျနော်လေးစားရတဲ့ ဆရာကြီးဦးအောင်သင်း ပါ...ဆရာကြီးရေးထားတာကတော့အများကြီးပါပဲဗျာ ဒါပေမဲ့ ကျနော်ကမှတ်သားလောက်တဲ့ စကားလေးမို့ လို့ မှတ်လဲထားပါတယ် စိတ်ထဲမှာလဲစွဲနေမိတယ်...စာဖတ်သူတွေလဲ မှတ်သားထားသင့် ပါတယ်ဗျာ...ဆရာကြီးပြောတာက ဒီလိုဗျ...တစ်ခါတုန်းက မင်းတုန်းမင်းကြီးက ယောအတွင်းဝန်ဦးဖိုးလှိုင်ကို အမေးတော်ရှိသတဲ့ ...ဟဲ့ ...ဖိုးလှိုင် မရှိတာထက် မသိတာခက် ဆိုတာဟုတ်သလားကွယ့် ဦးဖိုးလှိုင်ကဟုတ်ကြောင်းပါဘုရား... အေးဒါဆိုရင် မသိတာထက် ခက်တာရောရှိသေးသလားကွယ့်  ရှိသေးကြောင်းပါဘုရား... ဘာများလဲလို့ ကွယ့် လို့ မေးတော်မူပါတယ်...မရှိတာလဲ ရှိအောင်လုပ်လို့ ရနိုင်ပါတယ်ဘုရား...မသိတာလဲ သိအောင်လုပ်လို့ ရနိုင်ပါတယ် ဘုရား...မလုပ်တာ ကတော့ဘာမှဖြစ်မလာနိုင်တော့တာ့မို့ လို့ အခက်ဆုံးပါ ဘုရားလို့ သံတော်ဦးတင်လိုက်ပါတယ်တဲ့ ...မင်းတုန်းမင်တရားကြီးက ယောမင်းကြီရဲ့  သံတော်ဦးတင်ချက်ကို နှစ်သက်တော်မူလွန်းလို့  အင်း ပညာရှိစကားပီပါ့ပေ့ကွယ် လို့ မိန့် တော်မူပြီး လက်စွပ်တစ်ကွင်ချွက်ပြီး ချက်ချင်းပေးသနားတော်မူသတဲ ့...ဗျာ ကောင်းလိုက်တဲ့စကား စိတ်ထဲမှာမှတ်လို့ ထားကြဗျာ လို့ ကျနော်ပြောလိုက်ပါရစေနော်...ဒီစကားကို ကျနော်တို့ ငယ်ငယ်ကနားထဲမှာတော့အဘိုးတို့ အဘွားတို့ အဖေတို့ အမေတို့ ပြောပြောနေလို့ သိတော့သိပါတယ်ဗျာ  ဒါမေမဲ့ ဒီလောက်နှိုက်နှိုင်ချွက်ချွက်မသိခဲ့ရပါဘူး အခု ဆရာကြီင်္း ဦးအောင်သင်းပြောမှပဲ သိလိုက်ရလို့ လဲ အရမ်းကျေနပ်မိပါတယ်...ဆရာကြီးကိုလဲ ကျေးဇူးတွေတင်မိပါတယ်ဗျာ...စာဖတ်သူတွေလဲ ကျေနပ်နိုင်ကြပါစေလို့  ကျနော်ဆန္ဒပြုလိုက်ပါတယ်ဗျာ...