Wednesday 21 September 2011

မရှိတာထက် မသိတာခက်တဲ့ မသိတာထက် ခက်တာ မလုပ်တာတဲ့ ...

ကျနော်ဖတ်ဖူးတဲ့ စာလေးကို ဖောက်သည်ပြန်ချလိုက်ပါရစေဗျာ...အရမ်းမှတ်လားလောက်ပါတယ်...ကျနော်လဲအရမ်း သဘောကျသွားတယ်ဗျာ...ရေးသူကတော့ ကျနော်လေးစားရတဲ့ ဆရာကြီးဦးအောင်သင်း ပါ...ဆရာကြီးရေးထားတာကတော့အများကြီးပါပဲဗျာ ဒါပေမဲ့ ကျနော်ကမှတ်သားလောက်တဲ့ စကားလေးမို့ လို့ မှတ်လဲထားပါတယ် စိတ်ထဲမှာလဲစွဲနေမိတယ်...စာဖတ်သူတွေလဲ မှတ်သားထားသင့် ပါတယ်ဗျာ...ဆရာကြီးပြောတာက ဒီလိုဗျ...တစ်ခါတုန်းက မင်းတုန်းမင်းကြီးက ယောအတွင်းဝန်ဦးဖိုးလှိုင်ကို အမေးတော်ရှိသတဲ့ ...ဟဲ့ ...ဖိုးလှိုင် မရှိတာထက် မသိတာခက် ဆိုတာဟုတ်သလားကွယ့် ဦးဖိုးလှိုင်ကဟုတ်ကြောင်းပါဘုရား... အေးဒါဆိုရင် မသိတာထက် ခက်တာရောရှိသေးသလားကွယ့်  ရှိသေးကြောင်းပါဘုရား... ဘာများလဲလို့ ကွယ့် လို့ မေးတော်မူပါတယ်...မရှိတာလဲ ရှိအောင်လုပ်လို့ ရနိုင်ပါတယ်ဘုရား...မသိတာလဲ သိအောင်လုပ်လို့ ရနိုင်ပါတယ် ဘုရား...မလုပ်တာ ကတော့ဘာမှဖြစ်မလာနိုင်တော့တာ့မို့ လို့ အခက်ဆုံးပါ ဘုရားလို့ သံတော်ဦးတင်လိုက်ပါတယ်တဲ့ ...မင်းတုန်းမင်တရားကြီးက ယောမင်းကြီရဲ့  သံတော်ဦးတင်ချက်ကို နှစ်သက်တော်မူလွန်းလို့  အင်း ပညာရှိစကားပီပါ့ပေ့ကွယ် လို့ မိန့် တော်မူပြီး လက်စွပ်တစ်ကွင်ချွက်ပြီး ချက်ချင်းပေးသနားတော်မူသတဲ ့...ဗျာ ကောင်းလိုက်တဲ့စကား စိတ်ထဲမှာမှတ်လို့ ထားကြဗျာ လို့ ကျနော်ပြောလိုက်ပါရစေနော်...ဒီစကားကို ကျနော်တို့ ငယ်ငယ်ကနားထဲမှာတော့အဘိုးတို့ အဘွားတို့ အဖေတို့ အမေတို့ ပြောပြောနေလို့ သိတော့သိပါတယ်ဗျာ  ဒါမေမဲ့ ဒီလောက်နှိုက်နှိုင်ချွက်ချွက်မသိခဲ့ရပါဘူး အခု ဆရာကြီင်္း ဦးအောင်သင်းပြောမှပဲ သိလိုက်ရလို့ လဲ အရမ်းကျေနပ်မိပါတယ်...ဆရာကြီးကိုလဲ ကျေးဇူးတွေတင်မိပါတယ်ဗျာ...စာဖတ်သူတွေလဲ ကျေနပ်နိုင်ကြပါစေလို့  ကျနော်ဆန္ဒပြုလိုက်ပါတယ်ဗျာ...

No comments:

Post a Comment